သစ်ရာမြိုင်ဈေးတွင် ရောင်းချနေသော  ရုံးပတီသီး နှင့် သံပုရာသီး ဈေးနှုန်း

Powered by Drupal

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျွန်းလှမြို့ ပေါ်ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်း အတွင်းနှင့် လယ်ယာမြေများပေါ်တွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေး ၏ ရုံးပတီသီး ဈေးနှုန်းများမှာ ရုံးပတီသီး လက်လီ တစ်ပိဿာလျှင်(၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ သံပုရာသီး အလုံးအကြီး /အသေး ပေါ်မူတည်၍ သံပုရာသီး အကြီး(၁)လုံးလျှင်(၂၀၀)ကျပ်၊ (၅၀၀)ဖိုး(၃)လုံး နှင့် သံပုရာသီး အသေး တစ်လုံးလျှင်(၁၀၀/၅၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ ကုန်စိမ်းသီးနှံမျိုးစုံ  ရောင်းချနေသော ဈေးသည်တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)