
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာ ကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက် လျက် ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ၊ မိသားစုစားဝတ်နေရေး အပိုဝင်ငွေရရှိရန်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်ကြရာမှ ဝက်မွေးမြူရေးလုပ်ငန်းကိုပါ လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။
ယခုလို ဝက်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ရာတွင် အသားတိုးဝက်နှင့် သားကျဝက်ဟု နှစ်မျိူးမွေးမြူကြပါသည်။ ဝက်သားကျ မွေးမြူသူများမှ သားဖောက်ရောင်းသော သားပေါက်ဝက် ကလေးများကို အသားတိုးဝက်မွေးမြူရန်အတွက် ဝက်ပေါက်ကလေး တစ်လခွဲသားများကို ဝယ်ယူပြီး မွေးမြူရကြောင်း၊ ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ဝက်အကောင်ပေါက် ဈေးနှုန်းများမှာ အကောင်အကြီးအသေး နှင့် မျိုးကောင်း မကောင်း အပေါ်မူတည်၍ ဝက်ကောင်ပေါက် တစ်ကောင်လျှင် (၃၅၀၀၀၀ မှ ၄၀၀၀၀၀)ဈေးအထိ ဈေးနှုန်းအစားစားဖြင့် ရောင်းချလျက်ရှိပြီး ဈေးကောင်းရရှိသည့်အတွက် ဝက်သားကျဖောက်ရောင်းသူများအနေဖြင့် မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)