
ငုံးဥတွင်အာဟာရဓာတ် ကြယ်ဝစွာ ပါဝင်ပြီး ကျန်းမာရေးကိုအထောက်အကူပြုကြောင်း၊ ဗီတာမင် အေကြွယ်ဝသောကြောင့်မျက်စိကိုအမြင် အာရုံကောင်းမွန်စေကြောင်း၊ ပြည့်ဝဆီပါဝင်သော ကြောင့် ကိုလက်စထရော ပမာဏကိုထိန်းညှိပေးကြောင်း၊ ပရိုတင်းဓာတ်ပါဝင်သောကြောင့် ခန္ဓာကိုယ်ကြီး ထွားဖွံ့ဖြိုးကြောင်း၊ ပိုတက်ဆီယမ် ကြွယ်ဝစွာဝင်ပြီး သွေးတိုးကျစေကြောင်း၊ နေ့စဉ်စား သုံးမည် ဆိုပါကသွေးကြောတွေထဲက အဆိပ်အတောက် များကိုဖယ်ရှား ပေးကြောင်း၊ သက်ကြီးရွယ်အို ကလေးနှင့် သွေးအားနည်းသောသူများ သိရှိရသည်။ မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်စတုတ္ထပတ်၌ ရောင်းချနေသော ငုံဥလက်လီ တစ်လုံးလျှင် (၁၀၀)ကျပ်၊ (၂၅)လုံးလျှင်(၂၃၀၀)ကျပ် ပေါက်ဈေးများဖြင့် ရောင်းချကြောင်း၊ မြင်းခြံမြို့အတွင်း ရောင်းချနေသောငုံးဥများကို ပခုက္ကူမြို့ တို့မှမှာယူ တင်သွင်းရောင်းချကြောင်း၊ သုံးစွဲမှုအနေဖြင့် ငုံးဥအကင်ရောင်းချသူနှင့် စားသောက်ဆိုင်များမှ အများဆုံးဝယ်ယူရောင်းချကြောင်း၊ စားသုံးမှုများ၍ အရောင်းဝယ်ဖြစ်လျက်ရှ ကြောင်း သိရှိ ရသည်။
DOCA(မန္တလေး)