
မင်းကွတ်သီးများစားပြီးရင် အခွံတွေကို မစွန့်ပစ်လိုက်ပါနဲ့။ မင်းကွတ်ခွံကို အခြောက ်လှန်းပြီး သိမ်းထားပါ။ အရေပြားရောဂါ၊ ပွေး၊ ဝဲ၊ ညှင်း၊ ယားနာ၊ အဖုအပိမ့်ထွက်ခြင်း၊ ရေယုန်၊ ပြည်တည်နာ၊ ရေကျောက်တို့ကို ကုသရာတွင် အလွန်ထိရောက်ပါတယ်။ အသုံးပြုနည်းကတော့ မှည့်နေသော မင်းကွတ်သီး၏ အခြောက်လှန်းထားသောအခွံကို ထုံးရေကြည်နှင့်ရော၍ ပျစ်လာ အောင် သွေးပြီး အရည်ကြည်ဖုများ၊ ပြည်တည်နာများ သို့မဟုတ် ပွေးများပေါ်တွင် တစ်နေ့လျှင် ၂-၃ ကြိမ် လိမ်းပေးပါက သက်သာလာပါမည်။ အခြောက်လှန်းထားသော မင်းကွတ်ခွံ တစ်ခုနှစ်ခုကို ရေ ၁ လီတာဖြင့်ပြုတ်ပြီး အနာများကို တစ်နေ့လျှင် ၃-၄ ကြိမ် ဆေးကြောပေးနိုင်ပါသည်။ မင်းကွတ်ခွံကို ပြုတ်ပြီး ပါးစပ်ဆေးရန်အတွက်လည်း အသုံးပြုနိုင်ပါသည်။ ၎င်းတွင် ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများကို သေစေနိုင်သော ဂုဏ်သတ္တိနှင့် မှိုများကို တိုက်ဖျက်နိုင်သော ဂုဏ်သတ္တိ များရှိပြီး ပါးစပ်အတွင်း အနာများဖြစ်ပေါ်သည့်အခါ အထူးကောင်းမွန်ပါသည်။ မင်းကွတ်သီး အမှည့်၏ အခွံကို အခြောက်လှန်းထားပြီး ဝမ်းပျက်ဝမ်းလျှော၊ နာတာရှည်ဝမ်းလျှောခြင်း၊ သွေးဝမ်းသွားခြင်းတို့ကို ကုသရန်အတွက် အသုံးပြုနိုင်ပါသည်။ မင်းကွတ်ခွံခြောက် ၁ ခုကို ရေဖြင့် ၅-၁၀ မိနစ်ခန့် ပြုတ်ပြီး တစ်ခါသောက်လျှင် ထမင်းစားဇွန်း ၁ ဇွန်းနှုန်းဖြင့် ၄ နာရီခြားတစ်ခါ သောက်သုံးနိုင်ပါသည်။ သို့မဟုတ် မင်းကွတ်ခွံခြောက် တစ်ခြမ်းကို မီးအနည်းငယ်ဖြင့် ကင်ပြီး အမှုန့်ပြုလုပ်ကာ ရေတစ်ဝက်ခွက်တွင် ဖျော်၍ ၂ နာရီခြားတစ်ခါ သောက်သုံးပါက ရောဂါလက္ခဏာ များ သက်သာလာမည် ဖြစ်ကြောင်း ဖတ်မှတ်ခဲ့ရပါသည်။ မြင်းခြံဈေးကွက်တွင် ရောင်းချသော မင်းကွတ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့၊မန္တလေးမြို့တို့မှ တင်သွင်းပြီး ဒေသတွင်း ဖြန့်ဖြူးရောင်းချကြောင်း၊ ၂၀၂၅ခုနှစ်၊ဇူလိုင်နောက်ဆုံးပတ်တွင် မင်းကွတ် သီးတစ်လုံး လျှင် (၃၀၀-၄၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ အသီးလတ်ဆက်ပါက ဈေးနှုန်းများ ပြောင်းလဲကြောင်း မင်းကွတ်သီးသည် အတွင်းမှအသားကို စားသုံး၍ အခွံကိုဆေးအဖြစ်လည်း အသုံးပြု၍ ရကြောင်းသိရှိရသည်။
DOCA (မန္တလေး)