ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော စကားဝါပန်းနှင့် စကားဖြူပန်း

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့မဈေးတွင် ဘုရားပန်းအမျိုး၊ အလှဆင်းပန်းအမျိုးမျိုးနှင့် စကားဝါပန်း၊ စကားဖြူပန်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။ စကားဝါ/ဖြူပန်းမျိုးမှာ အပင်ကြီးဖြစ်သော်လည်း စိုက်ပျိုးရေးနည်းပညာများ ခေတ်မီလာသည်နှင့်အညီ စကားဝါ/ဖြူပန်းပင်များကို ကိုင်းကူးမျိုးစပ်ကာ အိမ်တွင်းအလှစိုက်ပင်ဖြစ် စိုက်ပျိုးလာကြောင်း သိရသည်။ ၂၀၂၅ ခုနှစ်၊  ဩဂုတ်လ ပထမပတ်အတွင်း ကန့်ဘလူမြို့ပန်းဈေးကွက်၌ ဖြစ်ပေါ်နေသော စကားဝါပန်းဈေးနှုန်းမှာ စကားဝါ ပန်း(၇)ပွင့်ပါ တစ်ကုံးလျှင်(၅၀၀)ကျပ်၊ စကားဝါပန်း(၃)ကုံးလျှင် (၁၃၀၀)ကျပ်၊ စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၁၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပန်းမျိုးစုံရောင်းချနေသော လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)