
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ မြို့မဈေးတွင် ရာသီပေါ်ကုန်စိမ်းသီးနှံအစုံဖြစ်သည် ပန်ဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ရွှေပဲသီး၊ မုန့်ညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး၊ ခါကြက်ဥနှင့် မုန့်ညှင်းဖြူထုတ်ကိုတို့ကို ရောင်းချလျက်ရှိရာ မန္တလေးမြို့နှင့် ရှမ်းပြည်နယ်တို့မှမှာယူ ရောင်းချကြောင်း သိရှိရသည်။
ကန့်ဘလူမြို့ဟင်းသီးဟင်းရွက်ဈေးတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်အတွင်း ရောင်းချ လျက်ရှိသည့် မုန်ညှင်းဖြူထုပ်ဈေးနှုန်းမှာ မုန့်ညှင်းဖြူထုပ်လက်လီ တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ မုန့်ညှင်းဖြူထုတ် လက်က္ကား တစ်ပိဿာလျှင်(၇၇၀၀)ကျပ်၊ ၅၀ကျပ်သားလျှင် (၃၉၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း မုန့်ညှင်းဖြူထုပ် (၁)ပိဿာလျှင် (၈၀၀)ကျပ် ဈေးနှုန်းမြင့်တက်လာကြောင်း၊ မုန့်ညှင်းဖြူထုပ်ကို စားသောက်ဆိုင်များက ဓိကဝယ်ယူလျက်ရှိပြီး အိမ်ရှင်မများကလည်း ဝယ်ယူကြောင်း ဟင်းသီးဟင်းရွက် ရောင်းချသူများထံမှ သိရှိရသည်။
DOCA(စစ်ကိုင်း)