ကျွန်းလှမြို့တွင် ရောင်းချနေသော ကြက်သွန်နီ/ဖြူ ဈေးနှုန်း

Powered by Drupal

   ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီနှင့်ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက် အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့ နှင့် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

     ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ အလတ်စ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ အသေးစ တစ်ပိဿာ လျှင်(၆၀၀၀)ကျပ် နှင့် ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာလျှင် (၁၇၀၀၀)ကျပ်ဈေးနှုန်းဖြင့်လည်းကောင်း အလားတူပင် ကြက်သွန်နီ ဈေးနှုန်းအနေဖြင့်  ကြက်သွန်နီ မြစ်သား အမျိုး အစား တစ်ပိဿာလျှင် (၁၈၀၀/၂၀၀၀)ကျပ်နှင့် ကြက်သွန်နီ ရိုးရိုး အမျိုးအစား တစ်ပိဿာလျှင်(၁၃၀၀/၁၅၀၀)ကျပ် ဈေးနှုန်း အသီးသီးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)