“ ကော့မှူးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်မြိုးစပါး ထွက်ယက်စိုက်ပျိုးပြီးစီးမှုအခြေအနေ ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါး (၈၈၀၈၇)ဧက လျာထားထွန်ယက် စိုက်ပျိုးလျက်ရှိရာ ဩဂုတ်လ(၄)ရက်နေ့ထိ (၈၂၂၀၃)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီးဖြစ်ကြောင်း  ကော့မှူးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

      ကော့မှူးမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးစိုက်ပျိုးရာသီတွင် အထွက်နှုန်း ကောင်းမွန်သော စပါးမျိုးများ ရွေးချယ်စိုက်ပျိုးရေး သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ သွင်းအားစုပစ္စည်းများနှင့် သီးနှံမျိုး စေ့များကို ကူညီပံ့ပိုးပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေ ရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကိုလည်း သက်ဆိုင်ရာဌာနများမှ ကွင်းဝန်ထမ်း များက အနီးကပ်ကြီးကြပ်၍ အသိပညာပေး ဆောင်ရွက်လျက်ရှိရာ မိုးစပါးစိုက်ပျိုးလျာထား (၈၈၀၈၇)ဧကစိုက်ပျိုးလျက်ရှိပြီး ယခုအချိန်အထိ မြေယာထွန်ယက်ပြီးစီးမှု (၈၇၆၉၈)ဧက ထွန် ယက်ရန်ကျန် (၃၈၉)ဧက စိုက်ပျိုးပြီး (၈၂၂၀၃)ဧကနှင့် စိုက်ပျိုးရန်ကျန် (၅၈၈၄)ဧကသာ ကျန်ရှိ တော့သည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

DOCA (ရန်ကုန်)