
ဖရုံစေ့လှော်စားသုံးခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပြီး အာဟာရ ဓာတ်များလည်း ကြွယ်ဝစွာပါဝင်ကြောင်း၊ မြင်းခြံမြို့နယ်အတွင်း ရောင်းချနေသော ဖရုံစေ့လှော် များကို မုံရွာမြို့နှင့် ပခုက္ကူမြို့တို့မှ မှာယူရောင်းချကြောင်းသိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင် နောက်ဆုံးပတ်တွင် ဖရုံစေ့လှော် နို့ဆီဗူးတစ်ဗူးလျှင် (၃၀၀၀)ကျပ်၊ တစ်ပြည်လျှင် (၁၁၅၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ ဒေသတွင်းစားသုံးမှုများပြီး ဈေးကွက်တွင် အရောင်းအဝယ် သွက်လျက် ရှိကြောင်း၊ ဖရုံစေ့လှော်ကို တစ်နေ့လျှင် လက်တစ်ဆုပ်စာခန့် စားသုံးပေးခြင်းဖြင့် ပရိုတင်း ဓာတ်ကြွယ်ဝကြောင်း၊ ကြွက်သား နှင့် ဆဲလ်များ အားကောင်းစေပြီး အရိုးကျန်းမာရေး၊ နှလုံးကျန်းမာရေး ကိုအထောက် အကူပြုကြောင်း၊ ဦးနှောက်လုပ်ဆောင်မှုနှင့် အရေပြား ကျန်းမာရေးကို လည်းအထောက်အကူ ပြုကြောင်း သိရှိရသည်။ အမျှင်ဓာတ်ပါဝင်သောကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းမှန်စေကာ အူလမ်းကြောင်းကျန်းမာရေးကို ကောင်း မွန်ကြောင်း၊ ဖရုံစေ့လှော်စားသုံးခြင်းဖြင့် ဆီးကျိတ်ရောင်ရမ်းခြင်း လက္ခဏာတွေကို သက်သာ စေကြောင်း၊ ညအိပ်မပျော် ဖြစ်နေသော သူများအတွက် မအိပ်ခင် ဖရုံစေ့လှော် နည်းနည်းစားပေးပါက ၎င်းတွင်အမိုင်နိုအက်ဆစ် ပါဝင် သောကြောင့် အိပ်စက်ခြင်းကို အထောက် အကူပြုကြောင်း ဖရုံစေ့လှော်သည် အာဟာရဓာတ် များစွာပါဝင်သောကြောင့် လူတိုင်းစား သုံးသင့်ကြောင်း သိရှိရသည်။
Doca(မန္တလေး)