အင်္ဂပူမြို့နယ်ရှိ အခြေခံဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

           စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်တာဝန်ခံသည် (၂၅-၇-၂၀၂၅ )ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အင်္ဂပူမြို့ပေါ်ရှိ အခြေခံဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          အင်္ဂပူမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်(၃)ဆိုင်အား စစ်ဆေးခဲ့ရာ  စစ်ဆေးတွေ့ရှိချက်များအရ အိမ်သုံးဆေးဝါးများ၊ ဆီးချို၊ သွေးချိုကျဆေးများ၊ သွေးကျဆေး၊ သွေးတိုးဆေးများ ပြတ်လပ်ခြင်းမရှိဘဲ၊ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိခြင်း၊ အချို့အာနိသင်တူ ကုမ္ပဏီကွဲဆေးဈေးများ၊ သွေးကျဆေး၊ အကိုက်အခဲပျောက်ဆေးများ၊ အားဆေးအမျိုးမျိုးမှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိပြီး အပြောင်းအလဲမရှိခြင်း၊  သုံးစွဲသူများမှာလည်း မိမိတို့ဝယ်ယူသုံးစွဲနေကြသော ဆေးဆိုင်များမှ ဝယ်ယူသုံးစွဲနေကျ ကုမ္ပဏီဆေးဝါးများကို ဦးစားပေးရောင်းချပေးခြင်း၊ အာနိသင်တူဆေးဝါးများကိုလည်း သင့်တင့်သောဈေးနှုန်းဖြင့် လိုအပ်သလို ဝယ်ယူရရှိလျက်ရှိခြင်း၊ ဆေးနှင့် ဆေးပစ္စည်းများကို ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ရောင်းချခြင်းမရှိဘဲ ကုမ္ပဏီများမှ ဝယ်ရင်းဈေးများ အပေါ်သင့်တင့်သော အမြတ်ဖြင့်သာရောင်းချပေးနေခြင်း၊ အိမ်သုံးဆေးဝါးများဝယ်ယူရာတွင် ကာလတန်ကြေးဈေးနှုန်းအရ ဝယ်ယူရရှိပြီး အဓိကပစ္စည်းပြတ်လပ်မှုမရှိကြောင်းနှင့် ဈေးနှုန်းများမှာလည်း တည်ငြိမ်လျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဖြင့် သိရှိရပါသည်။

DOCA (ဧရာဝတီ)