မကွေးဈေးကွက် ကြက်ဥဈေးနှုန်းအခြေအနေ

Powered by Drupal

      မကွေးတိုင်းဒေသကြီးအတွင်းရှိ မွေးမြူရေးလုပ်ငန်းများတွင် ဥစားကြက် မွေးမြူသူများအနေဖြင့် ဈေးကောင်းရ၍ ဈေးကွက်ဝယ်လိုအားများနေသော်လည်း အစာဖိုးကုန်ကျစရိတ်သည် ထုတ်လုပ်မှုစုစု ပေါင်း ၇၀% ဖြစ်ကြောင်း သိရှိသည်။ ကြက်များအား အစာကျွေးမွေးရာတွင် အသင့်စားနှင့် ရောစပ် စာဟူ၍ ()မျိုးရှိသော်လည်း မွေးမြူရေးသမားများအနေဖြင့် ရောစပ်စာမှာ အသင့်စားအစာထက် ငွေကုန်ကြေးကျသက်သာသောကြောင့် ယေဘူယျအားဖြင့် ရောစပ်စာကိုသာ အများဆုံးကျွေးမွေးကြ ကြောင်းလဲ သိရပါသည်။ ရောစပ်စာတွင် ပါဝင်သော ကုန်ကြမ်းများမှာ ဆန်ကွဲ၊ ဖွဲနု၊ ပြောင်း၊ ပဲဖက်၊ နှမ်းဖက်၊ ပဲပုပ်ဖက်တို့ဖြစ်ကြကြောင်းလည်း သိရှိရသည်။

      ကြက်ဥသည် ပရိုတင်းဓါတ်ကြွယ်ဝသည့်အပြင် အခြေခံလူတန်းစားများ လက်လှမ်းမီသော ဟင်းစာတစ်မျိုးလည်းဖြစ်သည်။ မကွေးဈေးကွက်အတွင်းရှိ လက်လီ ကြက်ဥဈေးနှုန်းများအနေဖြင့် ဇူလိုင်လ(ပထမပတ်)တွင် ကြက်ဥအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်(၄၀၀ / ၄၅၀/ ၅၀၀) ဈေးနှုန်းအသီးသီးရှိပြီး ဩဂုတ်လ(ပထမပတ်)တွင် ကြက်ဥအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်(၄၂၀/ ၄၆၀/ ၅၂၀)ဈေးနှုန်းအသီးသီးရှိသောကြောင့် ဈေးနှုန်းနှိုင်းယှဉ်ပါက ကြက်ဥဈေးနှုန်းမှာ မြင့်တက်လာကြောင်း သိရသည်။

DOCA(မကွေး)