နွားထိုးကြီးမြို့နယ်တွင် ကွမ်းစိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

     နွားထိုးကြီးမြို့နယ်သည် ဥယျာဉ်ခြံမြေများ များစွာစိုက်ပျိုးလျက်ရှိရာ ကွမ်းခြံများကိုလည်း ကံနှောင်း၊ နနွင်းတော်ဘိုးရွာ၊ ကံရွာနှင့် လက်ဝဲကျေးရွာများတွင် စိုက်ပျိုးထားကြောင်း သိရှိရသည်။ ၂၀၂၅-၂၀၂၆ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးပတ်တွင် နွားထိုးကြီးမြို့နယ်၏ ကွမ်းစိုက်ပျိုးဧက ၄၉၈ ဧကစိုက်ပျိုးထားကြောင်း ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းဇယားများအရ သိရှိရသည်။ ကွမ်းပင်များကို ဝါဆိုလ(ဇွန်လ)တွင် စတင်စိုက်ပျိုးပြီး၊ စိုက်ပျိုးချိန်မှ (၃)လအကြာ စက်တင်ဘာလတွင် ကွမ်းရွက်များခူးဆွတ်နိုင်ကြောင်း သိရှိရသည်။ ကွမ်းခြံတစ်ခြံစိုက်ပျိုးထားလျှင် (၄-၅)နှစ်ခန့်အထိ ခူးဆွတ်ရောင်းချရကြောင်း သိရှိရသည်။ ၂၀၂၅ခုနှစ်၊ ဇူလိုင်နောက်ဆုံးပတ်တွင် ကွမ်းရွက်တစ်ပိဿာလျှင် (၁၅၀၀-၄၅၀၀)ကျပ် ပေါက်ဈေးများရှိကြောင်း၊ ဈေးကွက်တွင် ကွမ်းယာစားသုံးမှုများပြားသောကြောင့် ကွမ်းရွက်များ ဈေးကျချိန်တွင်လည်း အရင်းမရှုံးသော ကွမ်းပင်များကို တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရှိရသည်။

DOCA (မန္တလေး)