ကျွန်းလှမြို့တွင် မျှစ်စိမ်း နှင့် မျှစ်ပြုတ် ဈေးနှုန်းကျဆင်းလျက်ရှိ

Powered by Drupal

    ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရာသီအလိုက် တောတောင် သဘာဝအရ ပေါက်ရောက်သော မျှစ်၊ မှို၊ အင်ဥ ၊ အင်ဖက်နှင့် သပြေပန်း စသည်တို့ကို သွား‌ရောက်ရှာဖွေ ရောင်းချသည့်အနက် ယခုအချိန်တွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို  ရှာဖွေ၍ ဈေးကွက် အတွင်းသို့ ရောင်းချကာ ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။

        သြဂုတ်လ ပထမအပတ်တွင် ရောင်းချနေသော မျှစ်ဈေးနှုန်းများမှာ မျှစ်စိမ်း တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ်၊ မျှစ်ပြုတ် တစ်ပိဿာလျှင်(၃၅၀၀)ကျပ် ၊ (၅၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး  ယခင်အပတ်နှင့် နှိုင်းယှဉ်ပါက  ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။

DOCA (စစ်ကိုင်း)