“ပတ်ကြဲမိုးစပါးများအောင်မြင်ဖြစ်ထွန်း”

Powered by Drupal

             ကျောက်ဆည်ခရိုင်အတွင်းတွင် မိုးစပါးများကို ဇွန်လမှစတင်၍စိုက်ပျိုးလျှက်ရှိရာ ယခုအချိန် တွင်ပတ်ကြဲမိုးစပါးများအောင်မြင်ဖြစ်ထွန်းလျှက်ရှိပါသည်။မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ခရိုင်အတွင်း (၅၉၉၇၁)ဧက စိုက်ပျိုးထားရှိပြီး မြစ်သားမြို့နယ်တွင် မိုးစပါးစိုက်ဧက (၂၄၉၃၁)ဧက စိုက်ပျိုးထား ကြောင်းသက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စိုက်ပျိုးမှု နှင့်ပတ်ကြဲစိုက်ပျိုးမှုများကို စိုက်ပျိုးကြကြောင်း၊ယခုနှစ်တွင် တောင်သူအများစုမှာ မိုးကောင်းသော ကြောင့်ပတ်ကြဲစိုက်ပျိုးမှုကိုပိုမိုစိုက်ပျိုးလာကြကြောင်း၊ပတ်ကြဲစိုက်ပျိုးမှုတွင် မျိုး(၂)တင်းခန့်အသုံး ပြုရပြီးစိုက်ပျိုးစရိတ်အနေဖြင့်မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၉၁၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း ၊ ပျိုး‌ထောင်မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စရိတ် နှင့် မျိုး၊သွင်းအားစု၊လုပ်သားခ အပါအဝင် စုစုပေါင်း(၁၀၅၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ယခင်နှစ်အထွက်နှုန်းအနေဖြင့် တင်း (၈၀-၈၅)တင်းခန့်ထွက်ရှိကြောင်း၊ စပါးစျေးနှုန်းအနေဖြင့် ဧရာပဒေသာ တစ်တင်းလျှင်(၂၈၀၀၀/-) ကျပ်၊မနောသုခတစ်တင်းလျှင်(၂၁၀၀၀/-)ကျပ်စျေးနှုန်းဖြင့်ရောင်းဝယ်ခဲ့သောကြောင့်အကျိုးအမြတ် အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၁၃၀၀၀၀၀/-)ကျပ်ကျော်မြတ်ခဲ့ကြောင်း၊ စပါးစျေးနှုန်းအနေဖြင့် ဧရာပဒေသာ(အဟောင်း) တင်း(၁၀၀)လျှင်(၂၈၀၀၀၀၀/-)ကျပ် ၊ မနောသုခ တင်း(၁၀၀)လျှင် (၂၁၀၀၀၀၀/-)ကျပ်ဖြစ်ပြီး ဆန်စျေးနှုန်းအနေဖြင့် ဧရာပဒေသာဆန် (အဟောင်း)တစ်အိတ်လျှင် (၁၃၅၀၀၀/-)ကျပ်၊ မနောသု တစ်အိတ်လျှင်(၉၂၀၀၀/-)ကျပ်၊ နွေစပါးအသစ် မနောသုခ တင်း(၁၀၀) လျှင်(၁၇၀၀၀၀၀/-)ကျပ် ၊ မနောသုခဆန် တစ်အိတ်လျှင်(၇၅၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိ ကြောင်း၊ စျေးကွက်အနေဖြင့် မိုးစပါးထွက်ပေါ်ချိန်တွင် တောင်သူများထံသို့ ပွဲစားများမှ တိုက်ရိုက် လာရောက်ဝယ်ယူကြကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များမှလည်း ကြိတ်ခွဲရောင်းချရန်အတွက် လာရောက်ဝယ်ယူကြကြောင်း၊ မိုးရွာသွန်းမှုအားကောင်းသောကြောင့် မိုးစပါးများအောင်မြင် ဖြစ်ထွန်းလျှက်ရှိကြောင်း၊ စပါးအထွက်နှုန်းကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုဖြစ်ထွန်းမည်ဖြစ် ကြောင်း၊ မိုးစပါးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။                 

DOCA (မန္တလေး)