ဟုမ္မလင်းမြို့နယ်သည် စိုက်ပျိုးရေးကို အဓိကထား ဆောင်ရွက်သော မြို့တစ်မြို့ ဖြစ်ပါသည်။ ယခုအချိန်သည် မိုးစပါးစိုက်ပျိုးသော ရာသီဖြစ်သောကြောင့် မိုးစပါးစိုက်ပျိုးပြီးမှုအနေဖြင့် ( ၄၃၇၉၅ ) ဧက စိုက်ပျိုးထားရှိပြီး စိုက်ပျိုးရန်ကျန်ရှိသည့် စပါးများကိုလည်း ဆက်လက် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
ဟုမ္မလင်းမြို့သည် အခြေခံစားသောက်ကုန်များကို မုံရွာ၊ မန္တလေး၊ ကလေး၊ မြို့များမှ မှာယူအသုံးပြုပါကြောင်း ဈေးနှုန်းဈေးကွက်များအနေဖြင့် ပေါ်ဆန်းမွှေး ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၁၀၀၀၀၀ ) ကျပ်၊ လုံးသွယ်မွှေး ( ၂၄ ) ပြည် တစ်အိတ်လျှင် ( ၈၀၀၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၆၀၀၀၀ ) ကျပ်၊ ရွှေသွယ် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၅၇၀၀၀ ) ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် ( ၃၅၀၀ ) ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ( ၅၀၀၀ ) ကျပ်၊ ဆားတစ်ပိဿာလျှင် ( ၁၀၀၀ ) ကျပ်၊ ကြက်ဥတစ်လုံးလျှင် ( ၃၀၀ ) ကျပ်၊ မြေပဲဆီ ( ၁၀ ) ပိဿာ တစ်ပုံးလျှင် ( ၁၂၀၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းများရှိပါကြောင်း ယခုလအတွင်းတွင် ယခင်လများထက် ဈေးနှုန်းပိုမိုမြှင့်တက်မှုများ ရှိလာပါကြောင်း လေ့လာသိရှိရပါသည်။
DOCA(စစ်ကိုင်း)