“မိုးပြောင်းဖူးများစတင်ထွက်ရှိ”

Powered by Drupal

            ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်တွင် မိုးပြောင်းဖူးစိုက်ဧကများအောင်မြင်ဖြစ်ထွန်းလျှက် ရှိပြီး ဇူလိုင်လကုန်မှစတင်၍ မိုးပြောင်းဖူးစိုက်ဧက မြို့နယ်အတွင်း(၂၆၉)ဧက စိုက်ပျိုးထားကြောင်း၊ သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။အများဆုံးစိုက်ပျိုးသောမျိုးများမှာ သကြားပြောင်း မျိုးဖြစ်ပြီး (၁)ဧကမျိုးအနေဖြင့် ပြောင်းဖူးစေ့(၈)ပြည် စိုက်ပျိုးရကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည်လျှင်(၅၅၀၀/-)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ မေလတွင် စိုက်ပျိုးခဲ့သော မိုးပြောင်းဖူးများ ယခုသြဂုတ်လဆန်းမှစတင်၍ ထွက်ရှိနေပြီဖြစ်ကြောင်း ၊ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင် စုစုပေါင်း(၄၅၀၀၀၀/-)ကျပ်အထိ ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ပြောင်းဖူးစုစုပေါင်း(၄၅၀၀-၅၀၀၀)ဖူးခန့် ထွက်ရှိ ကြောင်း ၊ ပြောင်းဖူးစျေးနှုန်းအနေဖြင့်တစ်ဖူးလျှင် လက်ကား(၃၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက် ရှိကြောင်း၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင်(၇၀၀-၈၀၀)ကျပ်စျေးများဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ၊ ပြောင်းဖူးကို လူကြိုက်များသောကြောင့် အရောင်းသွက်ကြောင်း ၊ အိမ်ရှင်မများမှ ပြောင်းဖူးကို သ‌ရေစာအဖြစ် စားသုံးကြသလို ပြောင်းဖူးကြော်၊ ပြောင်းဖူးသုပ်၊ ပြောင်းဖူးထောင်း အနေဖြင့် အမျိုးမျိုးစားသုံးကြကြောင်း ၊ ပြောင်းဖူးကို ပွဲစားများမှ အခင်းထဲအရောက် လာရောက်ဝယ်ယူ ကြကြောင်း၊ ပွဲစားများမှတဆင့် ရန်ကုန်၊မန္တလေးမြို့များရှိ ကုန်စိမ်းသီးနှံပွဲရုံများသို့ တစ်ဆင့် ပြန်လည်ရောင်းချကြောင်း ၊ အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၉၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း ၊ မိသားစုစားဝတ်နေရေး ဖူလုံသည့်အပြင် အကျိုးအမြတ်ဖြစ်ထွန်းသော ပြောင်းဖူး သီးနှံကိုလည်း တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

 DOCA (မန္တလေး)