
၃၁.၇.၂၀၂၅ နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ အေးမြသီတာဈေး၌ ပြည်သူများ၏သက်သာချောင်ချိရေးကိုရှေးရှု၍ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရန် ပြည်သူ့သက်သာဈေး အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပြည်သူ့သက်သာဈေးအရောင်းဆိုင်များတွင် ရောင်းချပေးခဲ့သည့် စားသောက်ကုန်များနှင့် ဈေးနှုန်းများမှာ ဆန်(၁)ပြည်လျှင် (၃၆၀၀)ကျပ်၊ ဝက်သား တစ်ပိဿာလျှင်(၂၆၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာလျှင်(၂၅၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင်(၂၈၀၀၀)ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၁၅၀၀၀)ကျပ်၊ ကြက်ဥတစ်လုံးလျှင်(၄၁၀) ကျပ်နှုန်းတို့ဖြင့် ရောင်းချပေးခဲ့ရာ စားသုံးသူပြည်သူများသည် ပျော်ရွှင်ကြည်နူးစွာ ဝယ်ယူအားပေးခဲ့ပါကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)