မြင်းခြံမြို့နယ်တွင် စက်သုံးဆီရောင်းချမှု အခြေအနေ

Powered by Drupal

          စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၁.၈.၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၉၅)ကျပ်၊ 95 Octance(၃၀၅၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၈၂၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၄၇၅)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

          မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၂၈)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(၁)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်းများအနေဖြင့် 92 Octance(၃၀၃၅)ကျပ်၊ 95 Octance(၃၀၉၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၈၆၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၅၁၅)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင်အပတ်ထက် တစ်လီတာလျှင် 92 Octanceတွင်(၅၀)ကျပ်၊ 95 Octanceတွင်(၅၅)ကျပ်  ဈေးနှုန်းကျဆင်းခဲ့ပြီး ရိုးရိုးဒီဇယ်နှင့် ပရီမီယမ်ဒီဇယ်တို့တွင်(၅)ကျပ် ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)