
(၈-၇-၂၀၂၅) ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်က ညောင်တုန်းမြို့ပေါ်ရပ်ကွက်များရှိ အခြေခံစား သောက်ကုန် ရောင်းချသော ကုန်မျိုးစုံဆိုင် (၁၀) ဆိုင်ရှိ ကုန်စည်များ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရပြီး မြို့နယ် ကုန်ဈေးနှုန်း စာရင်းများကို အပါတ်စဉ် ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြလျက်ရှိသည်။
ညောင်တုန်း မြို့နယ်တွင်း ရောင်းချလျက်ရှိသော အခြေခံစား သောက်ကုန် များဖြစ်သည့် ဆန်(မနောသုခ) ၁ပြည် ၃၃၀၀ကျပ်၊ စားအုန်းဆီ ၁ပိဿာ ၆၆၉၀ကျပ်၊ ဆား၊ ၁ပိဿာ ၁၇၀၀ကျပ်၊ ငါးငပိ ၁ပိဿာ ၁၅၀၀၀ကျပ်၊ ကုလားပဲ ၁ပိဿာ ၆၃၀၀ကျပ်၊ အားလူး အလုံးသန့် ၁ပိဿာ ၆၃၀၀ကျပ်၊ ငရုတ်ခြောက် ၁ပိဿာ ၉၀၀၀ကျပ်၊ ကြက်သွန်နီ အလတ်စား ၁ပိဿာ ၁၈၀၀ကျပ်၊ ကြက်သွန်ဖြူရှမ်းစ ၁ပိဿာ ၁၀၀၀၀ကျပ်၊ ဖြင့်ရောင်းချနေပြီး ယခင်လဈေးနှုန်း နှိုင်းယှဉ်ပါက ဆား ၁၀၀ကျပ် မြင့်တက်လာပြီး အားလူး (၅၀၀)ကျပ် မြင့်တက် လာပြီး ကျန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိ ကြောင်း ဈေးကွက် အတွင်း မှ သိရသည်။
သားငါးဈေးအနေဖြင့် ဆိတ်သား အသား၁ပိဿာ ၂၉၅၀၀ကျပ်၊ အရိုးအသား ၂၆၀၀၀ကျပ်၊ ဝက်သား ၁ပိဿာ အရိုးအသား ၂၂၀၀၀ကျပ်၊ အသား ၂၃၄၀၀ကျပ်၊ အမဲသား ၁၉၈၀၀၊ ၂၁၀၀၀ ကျပ်၊ ငါးမြစ်ချင်း ခုတ်သား ၁ပိဿာ ၁၂၀၀၀ ကျပ်၊ ကြက်ဗမာ ၁ပိဿာ -၃၀၀၀၀ကျပ်၊ စီပီကြက် ၁ပိဿာ ၁၈၀၀၀ကျပ်၊ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လဈေးနှုန်း နှိုင်းယှဉ်ပါက အမဲသား (၁၂၀၀)ကျပ်မင့်တက်၊ ဗမာကြက် ၂၀၀၀ကျပ် မြင့်တက်ပြီး၊ ငါးမြစ်ချင်း ၃၀၀၀ကျပ် ကျဆင်းပြီး ကျန်ကုန်စည်များ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်။
DOCA(ဧရာဝတီ)