ညောင်တုန်းမြို့နယ်တွင် ရောင်းချနေသော ၂၀၂၅ခုနှစ်  ဩဂုတ်လ အိမ်ဆောက်ပစ္စည်းဈေးနှုန်းတည်ငြိမ်ပြီး၊ ဘိလပ်မြေဈေးနှုန်းများ ကျဆင်းလျက်ရှိ

Powered by Drupal

    ညောင်တုန်းမြို့နယ်အတွင်း အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းချသူများရှိပြီး အိမ်ဆောက်ပစ္စည်းများကို ရန်ကုန် လက်ကားဒိုင်ကြီးများမှ မှာယူ၍ မြို့နယ်အတွင်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ဒေသတွင်း ဈေးနှုန်းဈေး ကွက်အခြေအနေများကို ကွင်းဆင်းဈေးကွက်ကောက်ယူလျက်ရှိပြီး ဇူလိုင်လ အိမ်ဆောက်ပစ္စည်းအမျိုးမျိုးနှင့် ဘိလပ်မြေ ဈေးနှုန်း အခြေအနေများ အနည်းငယ်မြှင့်တက်လျက်ရှိကြောင်း သိရသည်။

    ရောင်းချသော အိမ်ဆောက်ပစ္စည်းဈေးနှုန်းများမှာ ၂၀၂၅ခုနှစ် ဩဂုတ်လ ၆ရက်နေ့ ဘိလပ်မြေ ကြံနှစ်ကောင်၁အိတ် (၂၀၅၀၀)ကျပ် ၊ ဘိလပ်မြေ အပါချီ ၁အိတ် ၂၀၀၀၀ ကျပ်၊ အယ်လဖာ ၂၀၅၀၀ကျပ်၊  ရန်ကုန် စက်အုတ် ၉ပေါက် ခဲ ၃၅၀ကျပ်၊ ၃ပံလုံး သံချောင်း ၁တန် ၃၂၅၀၀၀၀ကျပ်၊ သုံးမူးလုံး သံချောင်း ၁တန် ၂၁၀၀၀၀၀ကျပ်၊ ၅မူးလုံး သံချောင်း ၁တန် ၂၀၇၀၀၀၀ကျပ်၊ ၆မူးလုံး သံချောင်း ၁တန် ၂၀၃၀၀၀၀ကျပ်၊ Export များဖြစ်ပြီး၊ သဲတစ်ကျင်း ၂၄၀၀၀ကျပ်၊ မြန်အောင် ကျောက်စလစ် ၁ကျင်း ၁၀၅၀၀၀ကျပ်၊ မိချောင်းရဲ ကျောက်စလစ် ၁ကျင်း ၁၂၀၀၀၀ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ ယခင်လ ဈေးနှုန်း နှိုင်းယှဉ်ပါက ဘိလပ်မြေကြံနှစ်ကောင် (၄၅၀၀)ကျပ် ကျဆင်း ၊အပါချီ (၄၀၀၀)ကျပ် ကျဆင်း၊  အယ်လဖာ (၄၀၀၀)ကျပ် ကျဆင်း လျက်ရှိကြောင်း တွေ့ရှိရပြီး ကျန်သော ကုန်စည်များ ကုန်ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)