
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူးမှ ရှင်းလင်းဆွေးနွေးခြင်း တက်ရောက်လာကြသော ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များမှ အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးအား နံနက် (၁၁း၃၀) အချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)