ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ဆန်နှင့် စားအုန်းဆီရောင်းချပေးလျက်ရှိ

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူပြည်သူများထံသို့ အဓိကစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ စီစဉ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူ ပြည်သူများထံသို့ သက်သာသော နှုန်းထားဖြင့် ဆန်နှင့်ဆီ ရောင်းချပေးခြင်းကို (၂၂.၈.၂၀၂၂)ရက်နေ့ မှစတင်၍ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ Good Rice  Good Price အစီအစဉ် ဖြင့် သန့်စင်ပြီးရက်(၉၀)ဆန်ဖြူ (10Kg)(၅)ပြည် တစ်အိတ်လျှင်၈၀၀၀/-ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဧရာဝတီပေါ်ဆန်း(10 Kg) (၅)ပြည်တစ်အိတ် လျှင် ၁၂၈၀၀/- ကျပ်နှုန်းဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ၏ အစီအစဉ်ဖြင့် စားအုန်းဆီ တစ်ပိဿာလျှင် (၅၀၀၀/-)ကျပ်နှုန်းဖြင့်လည်းကောင်း စားသုံးသူ ရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင် ဦးစီးမှူးရုံး၊ စက်ဆန်းရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်းမကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ အမှတ်(၂၇)၊ လှိုင်မြစ်လမ်း၊ ကွက်သစ် ရပ်ကွက်(ပေါက်တော)၊ အင်းစိန်မြို့နယ် ရှိနေရာများတွင် ရောင်းချပေး လျက်ရှိကြောင်း သိရှိရပါ သည်။

DOCA(ရန်ကုန်)