ပြည်ကတွတ်သီး ကတွတ်ယိုသမားများဖြင့် အရောင်းအဝယ်ဖြစ်

Powered by Drupal

            ပြည်ဒေသတွင် ယခုလို မိုးတွင်းကာလဖြစ်သော ဩဂုတ်လတွင် ကတွတ်သီးများစတင်၍ ဈေးကွက်သို့ ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ကတွတ်သီးများကို ပြည်မြို့နယ်အတွင်းရှိ ပျဉ်းပင်ကိုင်းနှင့် သဇင်လှဘက် ကတွတ်ပင်မှ ကတွတ်သီးများ ထွက်ပေါ် လာသဖြင့် ပြည်မြို့ရှိ ဈေးများသို့လာရောက်ရောင်းချလျှက်ရှိပြီး ကတွတ်ယိုရောင်းချသူများနှင့် အိမ်တွင် သရေစာအဖြစ် ကတွတ်ယိုထိုး၍စားသုံးရန်အတွက် ဝယ်ယူသူများရှိပါသည်။ ဝင်သလောက် အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ ကတွတ်သီးဈေးများမှာ ပေါ်ခါစတွင် အလုံး(၁၀၀)လျှင် ၁၀၀၀ကျပ်ခန့်ရှိပြီး ကတွတ်သီးအထွက်လှိုင်လာချိန်တွင် အလုံး(၁၀၀)လျှင် ၅၀၀ကျပ်သာ ရောင်းချကြပါသည်။ ကတွတ်သီးကို ကတွတ်ယိုအဖြစ် ပြုလုပ်ရောင်းချသော လုပ်ငန်းရှင်များမှာလည်း ယခုအချိန် အဝယ်လိုက်နေကြောင်း သိရှိရပါသည်။ ပြည်လက်ဆောင်အဖြစ် ကတွတ်ယို တစ်ဗူးလျှင် ၁၅၀၀ကျပ် ဈေးရှိပြီး ယခုအချိန်တွင် အရောင်းသွက်နေကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)