MyRo အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

Powered by Drupal

            မန္တလေးတိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အောင်မြေသာစံ မြို့နယ် Community Centre ခန်းမ၌ ၂၈.၇.၂၀၂၅ ရက်နေ့ မွန်းလွှဲ ၁ နာရီအချိ်န်တွင် မြန်မာ ဆန်စပါးအွန်လိုင်း (MyRo) သိုလှောင်ရုံ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒေါ်စံပါယ်(ဦးစီးအရာရှိ)က ဦးဆောင်ဆွေးနွေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ဇင်မာဦး (ဦးစီးအရာရှိ)က မြန်မာဆန်စပါး အွန်လိုင်း(MyRo ) မှတ်ပုံတင်ခြင်းဆိုင်ရာနှင့် ပတ်သက်သည့် သိကောင်းစရာများ၊ ဆန်တန်ချိန် ၂၅ တန်နှင့်အထက်၊စပါးတင်း (၂၅၀၀) နှင့်အထက် သိုလှောင်မည့် ဆန်းစပါးလုပ်ငန်းရှင်များ မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ရာတွင် လိုအပ်မည့် အချက်အလက်များ၊ မှတ်ပုံတင်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ မှတ်ပုံတင်ဆောင်ရွက်ခြင်း မရှိပါက စီမံခန့်ခွဲရေးပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)