ပြည်ကုန်စည်ဒိုင် ပဲဈေးဆက်လက်မြင့်တက်

Powered by Drupal

       ပြည်ကုန်စည်ဒိုင်တွင် ပဲဈေးများ တက်လျှက်ရှိပြီး ယခင်နှစ်ဈေးနှင့်နှိုင်းယှဉ်လျှင် ယခုနှစ်ပဲဈေးမှာ တက်နေကြောင်းသိရပြီး ပြည်ပတင်ပို့လျှက်ရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ကုလားပဲဈေးမှာ တက်လျှက်ရှိပါသည်။ မြို့တွင်းအဝယ်ရှိသော စားတော်ပဲ၊ ဘိုကိတ်ပဲ၊ ပဲကြီးဈေးများမှာလည်း ဈေးတက်လျှက်ရှိပါသည်။

       ဩဂုတ်လတတိယပတ်တွင် မတ်ပဲ ပိဿာ(၂၀)ဝင်တစ်တင်းကို ၆၁၀၀၀-၆၁၅၀၀-၆၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၂၀၀/၂၅၀ခန့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ဩဂုတ်လ စတုတ္ထပတ်တွင် မတ်ပဲတစ်တင်းကို ၆၁၀၀၀-၆၁၅၀၀ကျပ်ဖြင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ ပဲစင်းငုံ သီးနှံမှာ ဩဂုတ်လတတိယပတ်တွင် ပဲတစ်တင်းကို ၆၁၅၀၀-၆၂၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၃၀၀ခန့် ရန်ကုန်အဝယ်ရှိပြီး ဩဂုတ်လစတုတ္တပတ်တွင် ပဲတစ်တင်းကို ၆၁၀၀၀-၆၂၀၀၀ကျပ်ဖြင့် ရန်ကုန်သို့တစ်ရက်လျှင် အိတ် ၂၀၀/၃၀၀ခန့် တင်ပို့မှုရှိခဲ့ပါသည်။

     ဩဂုတ်လတတိယပတ်တွင် ကုလားပဲဟော်လန်တစ်တင်းကို ၆၄၀၀၀-၆၅၀၀၀ကျပ်၊ ကုလားပဲ (မြကြေးမှုံ) တစ်တင်းကို ၆၄၀၀၀-၆၅၀၀၀ကျပ်ဖြင့် မြို့တွင်းခွဲစက်သမားနှင့် တစ်ခါတစ်ရံ ရန်ကုန်အဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိပါသည်။ ဩဂုတ်လစတုတ္ထပတ်တွင်  ကုလားပဲဟော်လန်တစ်တင်းကို ၆၄၀၀၀-၆၄၅၀၀-၆၅၀၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ)တစ်တင်းကို ၆၄၀၀၀-၆၄၅၀၀-၆၅၀၀၀ကျပ်ဖြင့် ခွဲစက်သမားများ ရန်ကုန်ဝယ်လက်နှင့် နယ်စုံသို့ တစ်ရက်ကို အိတ် ၂၀၀/၃၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

      ပဲကြီးသီးနှံမှာ ဩဂုတ်လတတိယပတ်တွင် ပဲကြီး (ရွှေကျွန်း)တစ်တင်းကို ၇၅၀၀၀၊ ပဲကြီး (ကမ်းနား)တစ်တင်းကို ၇၀၀၀၀-၇၂၀၀၀ကျပ်ဖြင့် ယခင်အပတ်ထက်ဈေးတက်ပြီး ပဲကြော် သမားများ တစ်ရက်ကိုအိတ် ၃၀၀ခန့် အဝယ်ရှိပါသည်။ ဩဂုတ်လစတုတ္ထပတ်တွင် ပဲကြီး (ကမ်းနား) တစ်တင်းကို ၇၀၀၀၀-၇၂၀၀၀ကျပ်ဖြင့် ပဲကြော်သမားများအဝယ်ရှိပါသည်။

      ပြည်ကုန်စည်ဒိုင်တွင် ဩဂုတ်လတတိယပတ်တွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၀၅၀၀၀ -၁၁၀၀၀၀ -၁၁၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၁၀၀ခန့် အဝယ်ရှိပါသည်။ ဩဂုတ်လစတုတ္ထပတ်မှာ စားတော်ပဲ(ကျွန်း)တစ်တင်းကို ၁၁၀၀၀၀ကျပ်ဖြင့် မြို့တွင်း အဝယ်ရှိခဲ့ ပါသည်။

        ပြည်ကုန်စည်ဒိုင် ၊  ဩဂုတ်လတတိယပတ်တွင် ဘိုကိတ်ပဲဈေးတက်လာပြီး ပဲတစ်တင်းကို ၄၀၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိပါသည်။ စတုတ္ထပတ်တွင် ဘိုကိတ်ပဲတစ်တင်းကို ၄၃၀၀၀ ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် မြို့တွင်းအဝယ်ရှိခဲ့ပါသည်။

        ပြည်ကုန်စည်ဒိုင်တွင် ပဲဈေးတက်သော်လည်း အရောင်းအဝယ်မှာ သွက်နေကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)