ပြည်ပသို့ ပို့ကုန်တင်ပို့နိုင်မှုအား ကွင်းဆင်းခြင်း

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့စိုး၊ ဒုဦးစီးမှူးပါ (၃) ဦး တို့သည် (၈.၈.၂၀၂၅) ရက်နေ့ နေ့လည် (၃:၀၀) နာရီအချိန်တွင် လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန် လုပ်ငန်းရှင်များ၏ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္ထု တွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် စက်မှုကုန်ချောပစ္စည်းများ၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာ နှစ်ပြည်ပသို့ ပို့ကုန်တင်ပို့နိုင်မှုအား စာရင်းကောက်ယူကွင်းဆင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၃၉)၊ ဆိပ်ကမ်းသာလမ်း၊ ရွှေလင်ပန်းစက်မှု ဇုန်၊ လှိုင်သာယာမြို့နယ်ရှိ Green Indo Myanmar Co.,Ltd မှ တာဝန်ခံနှင့်တွေ့ဆုံကာ လယ်ယာထွက်ပစ္စည်းများဖြစ်သည့် ထုတ်ကုန်အမယ် ဆန်၊ ဆန်ကွဲတို့၏ တစ်နှစ်ထုတ်လုပ်နိုင်သည့် ပမာဏ၊ ပြည်ပသို့ တင်ပို့နိုင်သည့်တန်ချိန်၊ တန်ဖိုး၊ တင်ပို့သည့်နိုင်ငံတို့ကို မေးမြန်း၍ တင်ပို့မှုပုံစံ သည် ပင်လယ်ရေကြောင်းမှ ကိုယ်တိုင်တင်ပို့ပါကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)