“နှံစားပြောင်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ”

Powered by Drupal

    ကျောက်ဆည်ခရိုင်အတွင်း သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းပြီး ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ နေကြာ၊ မြေပဲများအပြင် စျေးကွက်ဝယ်လိုအားရှိပြီး ကျွဲ၊နွားစာပါဖူလုံသော နှံစားပြောင်းသီးနှံကို လည်းစိုက်ပျိုလျှက်ရှိပါသည်။ ကျောက်ဆည်ခရိုင်အတွင်းတွင် ဇူလိုင်လဆန်းပိုင်းမှစတင်၍ နှံစား ပြောင်းသီးနှံ စိုက်ဧက(၂၀၂၀)ဧက၊ ကျောက်ဆည်မြို့နယ်နတွင်(၁၅၇၆)ဧကနှင့် မြစ်သား မြို့နယ်တွင် (၄၄၄)ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများ အရ သိရှိရပါသည်။ ခရိုင်အတွင်း အများဆုံးစိုက်ပျိုးသောရွာများမှာ ကြောင်ပန်းကုန်းရွာ၊ မကျည်းကန် ရွာ၊ ရိုးကန်ရွာ၊ တောင်တော်ရွာ၊ သံရွာနှင့် ရစ်ကန်ရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုး ရာတွင် မျိုးအနေဖြင့် တိုးနီမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် မျိုး(၄)ပြည်စိုက်ပျိုးရပြီး၊ (၁)ပြည်လျှင်(၂၀၀၀/-) ကျပ်ဖြင့် ဝယ်ယူရကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် ထယ်စနစ်ဖြင့် စိုက်ကြောင်းဆွဲ အစေ့ချ၊ အတန်း လိုက်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှု(၁)ဧက ကုန်ကျ စရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း(၃၀၀၀၀၀/-)ကျပ် ခန့် ကုန်ကျ ကြောင်း၊ ဇူလိုင်လဆန်းတွင် စတင် စိုက်ပျိုးပြီး နိုဝင်ဘာလတွင် စတင်ထွက်ရှိမည် ဖြစ်ကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် (၂၅-၃၀) တင်းခန့် ထွက်ရှိကြောင်း၊ ယခင်နှစ်ထွက်ရှိချိန်တွင် နှံစားပြောင်းတစ်တင်းစျေးနှုန်းအနေဖြင့်(၃၀၀၀၀/-)ကျပ်ဖြင့်ရောင်းဝယ်ခဲ့သောကြောင့်စိုက်ပျိုးစရိတ် နှုတ်ပြီး(၄၅၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ ယခုလက်ရှိ နှံစားပြောင်း စျေးနှုန်းအနေဖြင့် တစ်တင်း လျှင်(၂၃၀၀၀/-၂၅၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ထွက်ပေါ်ချိန်တွင် တောင်သူများမှ ပွဲရုံများသို့တိုက်ရိုက်တင်ပို့‌ရောင်းချကြပြီး ပွဲရုံများမှတဆင့် မန္တလေး၊ရန်ကုန်မြို့များသို့တင်ပို့ရောင်းချ လျက်ရှိကြောင်း ၊ နှံစားပြောင်း စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးရုံသာမက ကျွဲစာ ၊ နွားစာပါ ဖူလုံသောကြောင့် တောင်သူများတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)