“ဈေးကွက်အတွင်းသို့ မုန်လာဥနီများဝင်ရောက်လျက်ရှိ”

Powered by Drupal

   ကျောက်ဆည်ခရိုင်အတွင်းရှိ ဈေးများသို့ မုန်လာဥနီများ ဝင်ရောက်လျက်ရှိပြီး ရှမ်းပြည်၊ အောင်ပန်း ၊ ပင်းတယနှင့် ရွာငံရေဦးမြို့များမှ ဝင်ရောက်လျက်ရှိကြောင်း မုန်လာဥနီ သီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း ၊ အေးသောဒေသတွင် ပိုမိုဖြစ်ထွန်းကြောင်း ပြင်ဦးလွင် ၊ နောင်ချိုနယ်များတွင်လည်း စိုက်ပျိုးကြကြောင်း၊ ဟင်းသီးဟင်းရွက်များထဲမှ အဟာရဓာတ် အများဆုံး ပါဝင်သော မုန်လာဥနီကို လူအများနှစ်ကြိုက်စွာ စားသုံးလျက်ရှိကြောင်း မုန်လာဥနီကို ဖျော်ရည် ၊ အသုပ်သုပ်စားခြင်း၊ သီးနှံစုံဖြင့်ရော၍ အစိမ်းကြော်ကြော်၍ စားသုံးကြပါသည်။ မုန်လာဥနီ ဈေးနှုန်းအနေဖြင့် ယခင်လတွင် ဖောက်သည်ဈေး တစ်ပိဿာလျှင် (၃၅၀၀/-)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၄၀၀၀/-)ကျပ် ဖြင့်ရောင်းဝယ်လျက်ရှိပြီး   ယခုလတွင် ဖောက်သည်ဈေး တစ်ပိဿာလျှင် (၅၀၀၀/-)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၆၀၀၀/-)ကျပ်မှ(၇၀၀၀/-)ကျပ် ဖြင့် ရောင်းဝယ်လျက်ရှိပြီး  ကုန်စိမ်းသည်များမှ တစ်နိုင်ဝယ်ယူ သူများအတွက် (၁၀၀၀/-)ကျပ် မှ (၁၅၀၀/-) ကျပ်တန် အထုပ်ကလေးများ ထုပ်၍ရောင်းချပေးသောကြောင့် ဝယ်ယူသူများ အဆင်ပြေ လျက်ရှိကြောင်း၊ မုန်လာဥနီအား စားသုံးခြင်းဖြင့် သွေးတွင်း ကိုလက်စထရောဓာတ်ကို လျော့ချ ပေးနိုင်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်အား လျော့ချစေနိုင်ခြင်းနှင့် မျက်စိအားကောင်းစေခြင်း တို့ကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာပါရှိသော မုန်လာဥနီကို နေ့စဉ်စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ 

DOCA(မန္တလေး)