တောင်ကုတ်မြို့နယ် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

        (၂၄-၈-၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ်ကျန်းမာရေးဦးစီးမှူးရုံးတွင် တောင်ကုတ်မြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ရာ ‌ဆွေးနွေးပွဲသို့ တောင်ကုတ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်၊ ကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တောင်ကုတ်မြို့ပေါ်မှ လုပ်ငန်းရှင်(၃၈)ဦး တက်ရောက်ခဲ့ပါသည်။

       တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က မိမိတို့ဌာနအလိုက် ဉပဒေ၊ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ခင်မေဝင်း(ဒု-ဦးစီးမှူး)မှ ၂၀၁၉ စားသုံးသူကာကွယ်ရေးဉပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေးများ၊ လုပ်ငန်းရှင်များ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များမှ ကုန်စည်ဝန်ဆောင်မှုနှင့်ပတ်သက်၍ အာမခံချက်ပေးခြင်း၊ အာမခံပေးမှုအပေါ် စားသုံးသူမှ တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ တင်သွင်း၊ ထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းချသည့် ကုန်စည်များပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားပြဌာချက်များ စားသုံးသူ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားနိုင်သည့် CICC ရုံးဖွင့်လှစ်ထားရှိနိုင်မှုအခြေအနေ၊ ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်မှုမရှိပါက အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားအသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

DOCA(ရခိုင်)