ကန့်ဘလူမြို့ဆီထွက်သီးနှံဈေးကွက်ရှိ နှမ်းနက်၊နှမ်းဖြူဈေးနှုန်း

Powered by Drupal

     ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသ တစ်ခုဖြစ်ပြီး ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာ၊ မြေထူးကျေးရွာ၊ နတ်ပေးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ဆောင်းနှမ်းကိုအဓိက စိုက်ပျိုး ကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှထွက်ရှိသော နှမ်းသီးနှံများကို မန္တလေးမြို့ရှိပွဲရုံ များသို့တင်ပို့ကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ဒုတိယပတ်အတွင်း နှမ်းနက်(စမုံ)တစ်တင်းလျှင်(၂၂၀၀၀၀)ကျပ်၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် (၁၀၃၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဩဂုတ်လ ပထမပတ် ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဒုတိယပတ်အတွင်း နှမ်းနက်(၁)တင်းလျှင် (၁၅၀၀၀)ကျပ် ဆက်လက်ကျဆင်းသွားကြောင်း၊ သီးနှံဈေးနှုန်းမှာ အချိန်နှင့်အမျှ ပြောင်းလဲမှုရှိကြောင်း  ဒေသတွင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်ထံမှ သတင်းရရှိသည်။

DOCA (စစ်ကိုင်း)