တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့ရှိ ငှက်ပျောသီးဈေးနှုန်း/ဈေးကွက်

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ဒေသခံပြည်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများကို အသက်မွေးဝမ်းကျောင်းဖြင့် စိုက်ပျိုးရောင်းချကြပါသည်။ ယခုလရာသီတွင် ငှက်ပျောသီးဈေးကောင်းရရှိ၍ ဝင်ငွေများပိုမိုရရှိကြောင်း သိရှိရပါသည်။ ငှက်ပျောသီး အမျိုး အစားတွင် ဆင်အံသီး၊ ဖီးကြမ်း၊ ရခိုင်နှင့် ရွှေငှက်ပျောတို့သည် လူကြိုက်များသည်အတွက် ရောင်းအားအလွန်ကောင်းကြောင်း သိရှိရပါသည်။ အိမ်ခြံဝန်းများတွင်လည်း အသီးသီးစိုက်ပျိုးကြပြီး စည်ပင်သာယာဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် တစ်နိုင်တစ်ပိုင် တင်ပို့ရောင်းချကြပါ သည်။ ငှက်ပျောသီးအမှည့်များကို ဌက်ပျောကြော်များပြုလုပ်၍  မနက်စာအနေဖြင့် လက်ဖက်ရည်များနှင့် စားသုံးကြပါသည်။ ငှက်ပျောသီးအစိမ်းများကို သရေစာငှက်ပျောကြော်ခြောက်များ ပြုလုပ်ပြီး ရောင်းချကြကြောင်း သိရှိရပါသည်။

      ယခုသြဂုတ်လဒုတိယပတ်တွင် မြိတ်မြို့နယ်ရှိ ငှက်ပျောသီးဈေးနှုန်းမှာ ဖီးကြမ်းသီး တစ်ဖီးလျှင်(၄၅၀၀)ကျပ်ရှိပြီး ရွှေငှက်ပျောသီးတစ်ဖီးလျှင် (၅၀၀၀)ကျပ်ခန့် ရှိကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)