“ ခရမ်းမြို့နယ်တွင်၂၀၂၅-၂၀၂၆ခုနှစ်မိုးစပါးများ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ”

Powered by Drupal

           ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် တောင်သူများ အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် မိုးစပါးများကို ပြည်တွင်းဝမ်းစာ ဖူလုံစေရေး၊ ပြည်ပဝင်ငွေရရှိစေရေးနှင့် နိုင်ငံစီးပွားမြင့် မားလာစေရေး တောင်သူများ သီးနှံဝင်ငွေရရှိစေရန်အတွက် နှစ်စဉ်မေလကုန်မှ စတင်၍ စိုက်ပျိုးလျက်ရှိရာ ၂၀၂၅-၂၀၂၆ခုနှစ် မိုးပါးများကို ဇူလိုင်လကုန်တွင် တစ်မြို့နယ်လုံး စိုက်ဧကများ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီး၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရပါသည်။

            ခရမ်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက (၁၁၀၆၃၉)ဧကလျာထားချက် ထားရှိပြီးခဲ့ပြီး စိုက်ပျိုးခဲ့ရာ စိုက်ခင်းဧက (၁၃၄၄၆)၊ ကြဲခင်းဧက (၉၇၁၉၃)ဖြင့် စုစုပေါင်း စိုက်ပျိုးဧက (၁၁၀၆၃၉)ဧကဖြင့် လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးထားသော စပါးမျိုးများ မှာ မနောသုခ(၄၁၄၇)ဧက၊ ဆင်းသုခ (၃၁၄၇၉)ဧက၊ မှော်ဘီ-၃(၃၀၇၃၂)ဧက၊ ရွှေဝါထွန်း (၂၂၇၀၆)ဧက၊ အောင်နိုင်တိုး (၂၇၆)ဧက၊ ပုသိမ်ရာကျော် (၂၀၂၄၆)ဧက၊ ငကျွဲ (၁၀၃၂)နှင့် ကောက်ညှင်း(၂၁)ဧကတို့ကို စိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးဦးစီးဌာနဌာနတို့၏ စာရင်းများအရ သိရှိရပါသည်။ ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးဧကများမှာ ရေကြီးနစ်မြှပ်ခြင်းနှင့် သီးနှံဖျက်ပိုးများ ကျရောက်မှုမရှိကြောင်းနှင့် စိုက်ပျိုးဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းတို့ကို မြို့နယ်အတွင်းရှိ တောင်သူကြီးများထံမှ စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)