
ကျွန်းလှမြို့တွင် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်လျက်ရှိရာ ရာသီစာပေါ်သည့် အချိန်၌ မျှစ်ချိုးခြင်း၊ မှိုရှာခြင်းနှင့် ပျားရည် နှင့် ပျားသလက် ရှာဖွေသည့် လုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ယခု ဩဂုတ်လ ဒုတိယအပတ် ရောင်းချနေသော ပျားသလက်ဈေးနှုန်းများမှာ ပျားသလက် တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်နှုန်း၊ (၁၀)ကျပ်သားခန့် တစ်ပြားလျှင် (၁၂၀၀)ကျပ် နှင့် (၅)ကျပ်သားခန့် တစ်ပြားလျှင်(၇၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း၊ အလားတူပင် ပျားရည်ဈေးနှုန်းမှာ ပျားရည်(၄၀)ကျပ်သားဝင် တစ်ပုလင်းကို (၂၀၀၀၀) ကျပ်၊ (၂၀)ကျပ်သားဝင် ဂျပ်ပြား တစ်ပုလင်းကို(၁၀၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်း သိရပါ သည်။
DOCA(စစ်ကိုင်း)