
ကျွန်းလှမြို့ရှိ ဈေးဆိုင်များတွင် ပဲပုတ်ပဲငပိများကို မိမိဒေသထွက် ကိုယ်တိုင်လုပ်ရောင်းခြင်းနှင့် ကာဘိုးကျေးရွာတို့ မှ တဆင့် မှာယူရောင်းချ လျက်ရှိကြောင်း သိရှိရပါသည်။
ယခု ဩဂုတ်လ ဒုတိယပတ်အတွင်း ရောင်းချနေသော ပဲပုတ် ပဲငပိ ဈေးနှုန်းများမှာ ပဲပုတ်ပဲငပိ လက်လီ တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊(၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်၊(၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ် နှင့် ပဲပုတ်ပဲငပိခြောက် ဈေးနှုန်းများမှာ ပဲပုတ်ပဲငပိခြောက် တစ်ပိဿာလျှင်(၁၈၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၉၅၀၀)ကျပ် နှင့် (၁၀)ကျပ်သားလျှင်(၂၀၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက် ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)