မကွေးမြို့ပေါ်ရှိဈေးများ၌ ဆီးဖြူသီးစတင်ဝင်ရောက်လျက်ရှိ

Powered by Drupal

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဈေးများ၌ ဩဂုတ်လ(ဒုတိယပတ်)မှစ၍ မြို့အနီးရှိကျေးရွာများဖြစ်သော မြင်းကင်း၊ ချောင်းဖြူ၊ သင်္ဘောဆိပ်၊ ဝါးတောချောင်း၊ မကြီးကန်၊ ဆားတိုင်းကန်၊ နွားကူး စသည့်ကျေးရွာများမှ ထွက်ရှိသည့် ဆီးဖြူသီးများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ဆီးဖြူသီးနို့ဆီဗူး(၁)ဗူးလျှင် ကျပ်(၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မကွေးမြို့နယ်အတွင်း ဆီးဖြူသီးကို စိုက်ခင်းများအဖြစ် စိုက်ပျိုးထားခြင်းမရှိ ဘဲ ဒေသအလျောက်ပေါက်ပင်နှင့် မိမိ၏အိမ်ခြံဝန်းများတွင်သာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်း၊ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း သိရသည်။ ဆီးဖြူသီးကို အညာထမင်းဝိုင်းများတွင်သာမက အလှူအတန်းများတွင်လည်း တည်းခင်းအသုံးပြုကြသည်။ ဆီးဖြူ သီးသည် သံဓါတ်၊ ဗီတာမင်စီဓါတ်နှင့် အင်တီအောက်ဆီဒန့်ခေါ် ဓါတ်တိုးပစ္စည်းများစွာပါဝင်သောကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါများ မဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး ကင်ဆာရောဂါဖြစ်ပွားမှုကိုလည်း လျော့ချပေးနိုင်ကြောင်း သိရှိရပါသည်။

DOCA(မ‌ကွေး)