ဟုမ္မလင်းဒေသထွက် လက်ဖက်စို ၊ လက်ဖက်ညွှန်နှပ်၊ လက်ဖက်ခြောက်များ ရောင်းအားကောင်းလျက်ရှိ

Powered by Drupal

   ဟုမ္မလင်းမြို့ရှိ မောင်းခမ်းကျေးရွာတွင် လက်ဖက်စိုက်ခင်းဧက (၁၀၀၀) ကျော်စိုက်ပျိုး ထားရှိကြောင်း သိရသည်။ လက်ဖက်စိမ်းရွက်များကို ခူး၍  လက်ဖက်စိုရောင်းချခြင်း၊ လက်ဖက်စိုများကို မက်လင်သီး၊ စောင်းလျားသီးများနှင့် ရောနှပ်ကာ လက်ဖက်ချဉ်နှပ် ရောင်းချခြင်း၊ လက်ဖက်ခြောက်ရောင်းချခြင်း၊ လက်ဖက်ညွှန့်နှပ်များ ရောင်းချခြင်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်း သိရသည်။

   လက်ဖက်အစိုမှာ တစ်ပိဿာလျှင် ၅၀၀၀ မှ ၁၀၀၀၀ ကျပ် ၊ လက်ဖက်ခြောက် အမျိုးအစားပေါ် မူတည်၍ တစ်ပိဿာလျှင် ၁၅၀၀၀ မှ ၂၀၀၀၀ ကျပ်နှင့် လက်ဖက်ညွှန့်နှပ်ကို ရေသန့်ဘူးနှင့်လည်းရောင်းချလျက်ရှိပြီး ဘူးအလတ် တစ်ဘူးလျှင် ၃၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး  ဒေသထွက်လက်ဖက်များကို ခန္တီး၊ ဖောင်းပြင် ၊ နာဂ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ ချင်းတွင်းမြစ်တစ်လျှောက်မြို့များ၊ မုံရွာမြို့နှင့် မန္တလေးမြို့ များသို့လည်း တင်ပို့ ရောင်းချကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)