ရှမ်းပြည်နယ်၊ရွှေညောင် အ.ထ.က ကျောင်းတွင်စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခြင်း

Powered by Drupal

     ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးမှူးရုံး၏စီမံဆောင်ရွက်မှုဖြင့် ရွှေညောင် အ.ထ.က ကျောင်းသို့ ၁၂-၈-၂၀၂၅ရက်နေ့ နံနက် ၁၀:၀၀နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ အခမ်းအနားတွင် တက်ရောက်သူကျောင်းသား ကျောင်းသူ(၂၈၀) ဦးခန့်တက်ရောက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ရုံးအုပ်ဦးတင်ဌေးနှင့် ဒုတိယဦးစီးမှူးဒေါ်ထူးအိန္ဒြာဗိုလ်မှ စားသုံးသူ၏ အခွင့်အရေး၊ တာဝန်များ၊ နစ်နာဆုံးရှုံးမှုများနှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ၊ CICC လုပ်ငန်းဆောင်ရွက်မှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနိုင်မှုများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ဟောပြောပွဲအနှစ်သာရကို ကျောင်းတွင်စာစီစာကုံးပြိုင်ပွဲကျင်းပမည်ဖြစ်ကြောင်းသိရှိရပါသည်။ထိုနောက်သိရှိမေးမြန်းမှုများကို ဖြေကြား၍ နေ့လယ် (၁၂:၀၀)တွင် ဟောပြောပွဲအခမ်းအနားအောင်မြင်စွာပြီး မြောက်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(ရှမ်း)