
(၁၄.၈.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် စီမံကိန်းလုပ်ငန်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေး၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးပြည့်ဖြိုးမောင်မှ ဦးဆောင်၍ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား(၈၀)ဦး တက်ရောက်ခဲ့ပြီး ဥက္ကဌ ဦးပြည့်ဖြိုးမောင်မှ ဆွေးနွေးပြောကြားရာတွင် စီမံကိန်းလုပ်ငန်းများ၌ နိုင်ငံတော်၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်ပန်း တိုင်များပြီးမြောက်အောင်မြင်ရန်အတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ၊ မူဝါဒရည်မှန်းချက်များကို လုပ်ငန်းလမ်းညွှန်များအဖြစ် အလေးအနက်ခံယူပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက ဟန်ချက်ညီညီ၊ အချိတ်အဆက် မိမိပူးပေါင်းပြီး တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေးကို (၁၁:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)