ကြက်သွန်နီဈေးနှုန်း အနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ကြက်သွန်ပွဲရုံများတွင် ရောင်းချနေသော  ကြက်သွန် နီဈေးနှုန်းများမှာ ကြက်သွန်နီ (ရှယ်)ကြီး တစ်ပိဿာလျှင် ဒေသပေါက်ဈေး  ( ၂၅၀၀-၂၈၀၀) ကျပ်၊ (လတ်) တစ်ပိဿာလျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ အသေး တစ်ပိဿာလျှင် (၈၀၀- ၁၂၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။ လက်လီရောင်းချသည့် ဈေးနှုန်းများမှာ  (အကြီး) တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ (အလတ်)တစ်ပိဿာလျှင်(၂၅၀၀) ကျပ်၊ (အသေး) တစ်ပိဿာလျှင် (၁၈၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး  ယခုအချိန်သည် ကြက်သွန်နီများ ပေါများချိန် ဖြစ်သည့် အတွက် ဈေးအနည်းငယ်ကျဆင်းလျက်ရှိကြောင်းသိရသည်။

          ကြက်သွန်နီသည် နေ့စဉ်စားသုံးရသော အစားအစာတို့တွင် မပါမဖြစ် အလွန်အရေးပါ သော ဆေးဖက်ဝင်သီးနှံတစ်မျိုးလည်းဖြစ်ပြီး  ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအား ဈေးကွက် ကောင်းခြင်းကြောင့် အကျိုးအမြတ်ရရှိသော သီးနှံတစ်မျိုးလည်းဖြစ်ပါကြောင်း သိရှိရပါ  သည်။

DOCA (စစ်ကိုင်း)