
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မကွေးကုန်စည်ဒိုင်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာ(၁၄၀)ကျော်နှင့် မင်းဘူး၊ မြို့သစ်၊ နတ်မောက်မြို့တို့မှထွက်ရှိသော ပဲတီစိမ်း၊ ပဲနောက်၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ မတ်ပဲနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်)တွင် ကုလားပဲ(929)(၁)တင်းလျှင် ကျပ်(၈၄၃၀၀)၊ ကုလားပဲ ဟော်လန်(၁)တင်းလျှင် ကျပ်(၈၅၅၀၀)၊ ပဲလွန်းဝါ(၁)တင်းလျှင် ကျပ်(၇၀၀၀၀)၊ ပဲတီစိမ်း(၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)၊ ပဲနောက်(၁)တင်းလျှင် ကျပ်(၁၁၅၀၀၀)၊ ပဲကြီးဖြူ(၁)တင်းလျှင် ကျပ်(၁၁၀၀၀၀)၊ မတ်ပဲ(၁)တင်းလျှင် ကျပ်(၉၆၅၀၀)၊ ပဲစဉ်းငုံ(နီ)(၁)တင်းလျှင် ကျပ်(၉၀၀၀၀)၊ စားတော်ပဲ(၁)တင်းလျှင် ကျပ်(၁၇၅၀၀၀)၊ မြေပဲလုံးဆံ(နီ)(၁)ပိဿာလျှင် ကျပ်(၇၃၀၀)၊ မြေပဲလုံးဆံ(ဖြူ)(၁)ပိဿာလျှင် ကျပ်(၇၅၅၀)၊ မြေပဲအောက်ကျဆီဆံ(၁)ပိဿာလျှင် ကျပ်(၆၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပြီး ယခင်(ပထမပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ပဲကြီးဖြူ ကျပ်(၁၅၀၀၀)၊ မြေပဲလုံးဆံဖြူ ကျပ်(၅၀)၊ မြေပဲအောက်ကျဆီဆံ ကျပ်(၂၀၀)ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။ တင်ပို့မှုအနေဖြင့် တစ်ပတ် အတွင်း မကွေးမြို့မှ မန္တလေးမြို့သို့ မြေပဲဆံအိတ်ရေ(၂၀၀၀)၊ ရန်ကုန်မြို့သို့ ကုလားပဲ အိတ်ရေ(၂၀၀၀)၊ ပဲစဉ်းငုံအိတ်ရေ(၂၀၀၀)၊ ပဲကြီး အိတ်ရေ (၁၀၀၀)၊ မြေပဲဆံအိတ်ရေ(၂၀၀၀)တင်ပို့ ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)