မုန့်ဖုတ်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

    (၅-၉-၂၀၂၂)နေ့ နံနက် (၁၀:၀၀)နာရီခန့်အချိန်တွင် တောင်ကုတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနသို့ တောင်ကုတ်မြို့နယ်ရှိ ဒေသတွင်း မုန့်ဖုတ်လုပ်ငန်းလုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးမှ ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များအား တောင်ကုတ်ခရိုင်ဦးစီးမှူးနှင့်လာရောက်တွေ့ဆုံဆွေးနွေးမေးမြန်းခဲ့ပါသည်။

    လုပ်ငန်းရှင်သည် ‌တောင်ကုတ်မြို့နယ် ဒေသတွင်း “ဇော်”   အမှတ်တံဆိပ်ဖြင့် မုန့်ဖုတ်လုပ်ငန်းကို တစ်ပိုင် တစ်နိုင်လုပ်ကိုင်သူတစ်ဦးဖြစ်ပါကြောင်း၊ ထုတ်လုပ်သည့် ကုန်ပစ္စည်းပေါ်တွင် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေး ညွှန်ကြားပေးနိုင်ပါရန် လာရောက် တွေ့ဆုံရခြင်းဖြစ်ကြောင်းပြောကြားရာ တောင်ကုတ်ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့်၊ ဦးစီးအရာရှိမှ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) ပုဒ်မ (၄၁) (၄၂) (၄၃)နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် (၂/၂၀၁၉)အရ ကုန်ပစ္စည်း အမျိုးအစားအလိုက် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများအား ရှင်းလင်းပြောကြားခြင်း၊ လုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒါဏ်များအား ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်ထုတ်လုပ်သည့် ကုန်ပစ္စည်းနမူနာပေါ်တွင် ဖော်ပြထားသည့် ကုန်အညွန်းအမှတ်အသားများအား ပြည့်စုံမှုရှိစေရေး လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)