
မွန်ပြည်နယ်ဒေသတွင် ယခုလ(ဩဂုတ်လ) မိုးရာသီသည် ကွမ်းသီးစတင်သီးချိန် ကာလဖြစ်သည်။ ကွမ်းသီးကိုအနုနှင့် ကွမ်းသီးအရင့်(၂)ဟူ၍ ခွဲခြား၍ အရောင်းအဝယ်ရှိသည်။ ကွမ်းသီးနုကို ဈေးကောင်းပေးဝယ်လျက် အရောင်းအဝယ်ရှိသည်။ ကွမ်းသီးနု များကို ကွမ်းယာအစားထိုး (ကွမ်းပေါင်း)ပြုလုပ်၍ ထုတ်ကုန်အဖြစ် ထုတ်လုပ်မှု အဆင့်ဆင့်ဖြင့် ပေါင်းခံ၍ ကွမ်းသီးနုပေါင်းအဖြစ် တင်ပို့ရောင်းချကြသည်။ ကွမ်းသီး အရင့်(အမှည့်)ကို ကွမ်းယာဆိုင်များ၌ ကွမ်းသီးကိုအသုံးပြုခြင်းလည်းကောင်း၊ ဒေသတွင်း စားသုံးခြင်းလည်းကောင်း ကွမ်းယာစားသုံးသူများအတွက် ကွမ်းသီးခြမ်း ပြုလုပ်၍လည်းကောင်း စားသုံးကြခြင်းနှင့်၎င်းကွမ်းသီး အရောင်းအဝယ်ဖြစ်လျက်တွေ့ ရှိရသည်။
အဆိုပါကွမ်းသီးဈေးနှုန်းများမှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)အတွင်း ကွမ်းသီးဈေးနှုန်းအခြေအနေမှာ မော်လမြိုင်အညိုသီး(အခြောက်) (အသန့်) တစ်ပိဿာလျှင် ၂၂၀၀၀ ကျပ်၊ မော်လမြိုင်ပါးပုတ်သီး(အခြောက်) (အသန့်) တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်၊ ရေးသီး (အသန့်) တစ်ပိဿာလျှင် ၂၄၅၀၀ကျပ် နှင့် ကွမ်းသီးနု တစ်ပိဿာဈေးနှုန်းမှာ ၅၂၀၀ ကျပ်မှ ၅၅၀၀ ကျပ်ခန့် ဖြစ်ကြောင်း သိရှိရပါသည်။
DOCA (မွန်)