
မော်လမြိုင်မြို့၊ မြို့မဈေး၌ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (တတိယပတ်)တွင် ရေထွက်ငါး ဈေးနှုန်းအခြေအနေမှာ ငါးတန် တစ်ပိဿာလျှင် ကျပ် ၉၀၀၀၊ ငါးခုံးမ တစ်ပိဿာလျှင် ကျပ် ၇၈၀၀၊ ငါးကြင်း တစ်ပိဿာလျှင် ကျပ် ၁၀၈၀၀၊ ငါးကြင်းဖြူ (ဗိုက်ခွဲ)တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀မှ ၂၁၂၀၀အတွင်း၊ ပါးထူး တစ်ပိဿာလျှင် ကျပ် ၈၇၀၀၊ ဆလားပီးယား တစ်ပိဿာလျှင် ကျပ်၁၅၃၀၀၀၀၊ ပလာတူး တစ်ပိဿာလျှင် ၈၅၀၀၊ ရွှေငါး တစ်ပိဿာလျှင် ကျပ် ၈၈၀၀ ငါးနှပ် တစ်ပိဿာလျှင် ကျပ် ၃၅၀၀၊ ငါးပျက် တစ်ပိဿာလျှင် ကျပ် ၁၀၅၀၀၊ ငါးကွမ်းရှပ် တစ်ပိဿာလျှင် ကျပ် ၁၆၀၀၀နှင့် ပုဇွန် အသေးအကြီးဈေးနှုန်းအားဖြင့် ကျပ် ၂၀၀၀၀ မှ ကျပ် ၅၀၀၀၀ ခန့်ထိ ဖြစ်ကြောင်း သိရသည်။ ၎င်းဈေးနှုန်းဖြင့် ငါးဈေးကွက်တွင် ပုံမှန်အရောင်းအဝယ်ဖြစ်နေသည်။ ငါးဈေးနှုန်းမှာ ယခင်လ(တတိယပတ်)နှင့်နှိုင်းယှဉ်ပါက ယခုလတွင် ငါးဈေးနှုန်းများမှာ တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်ခန့် အတွင်း ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)