
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ငပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်၊ ကမ်းဇော်ဆီနှင့်ရေထွက်ကုန်များဖြင့် ထင်ပေါ်လျက်ရှိပြီး ဒေသထွက်ကုန်များထဲမှ သီဟို(သို့)ခရူစေ့ယိုကို ကုန်စုံဆိုင်များနှင့် ရေထွက်ကုန်ပစ္စည်းရောင်းချနေသောအရောင်းဆိုင်များတွင် မုန့်လက် ဆောင်ပစ္စည်းအဖြစ် ရောင်းချလျက်ရှိသည်။ ဒေသတွင်း တစ်နိုင်တစ်ပိုင် ပြုလုပ်ကြသလို စီးပွားဖြစ်အခြားဒေသများသို့ တင်ပို့ရောင်းချကြကြောင်းသိရှိရပါသည်။ ၂၀၂၅ခုနှစ်၊ သြဂုတ် လတွင် သီဟို(သို့)ခရူစေ့ယို အထုတ်ငယ်တစ်ထုတ်လျှင် ကျပ် (၈၀၀) ခန့်ရှိပြီး အထုတ်ကြီး တစ်ထုတ်လျှင် ၂၅၀၀ကျပ်ခန့်ရှိကြောင်းသိရှိရပါသည်။ လက်ဆောင်ပစ္စည်းအနေဖြင့် ထုပ်ပိုးထားသော သီဟို(သို့)ခရူစေ့ယို တစ်ထုပ်လျှင် ကျပ်(၇၀၀၀)ခန့် ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)