
မြိတ်ဒေသပင်လယ်ဝန်းရံလျက်ရှိသောဒေသဖြစ်သည့်အတွက် ရေထွက်ကုန်များဖြင့် ထင်ပေါ်ကျော်ကြားသောမြို့လည်းဖြစ်သည်။ ရေထွက်ကုန်များထဲမှငါးပုတ်ခြောက်ကို အခြားဒေသသို့ရောင်းချလျက်ရှိပြီး လက်ဆောင်ပစ္စည်းအဖြစ်လည်းစျေး၊ ကုန်တိုက်များနှင့် ရေထွက်ကုန်အရောင်းဆိုင်များတွင် ထုပ်ပိုးရောင်းချလျက်ရှိပါသည်။ အရွယ်အစားအပေါ်မူတည်ပြီး စျေးနှုန်းကွဲပြားလျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်မြို့၊ ရေထွက်ကုန်ပစ္စည်းအရောင်းဆိုင် ရောင်းချနေသောစျေးနှုန်းအရ (၁၃)ကျပ်သားလျှင် (၁၅၆၀၀) ကျပ်ခန့်၊ (၂၀)ကျပ်သားလျှင် (၂၄၀၀၀)ကျပ်ခန့်နှင့် (၃၂)ကျပ်သားလျှင် (၃၈၄၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်းသိရှိရပါ သည်။
DOCA(တနင်္သာရီ)