
ရမည်းသင်းမြို့နယ်ရှိ ဝါဈေးကွက်၌ ဇူလိုင်လကုန်ပိုင်းမှစ၍ ဝါသီးနှံအသစ်များဝင်ရောက်လာရာ ဝါအသစ်တစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀) ကျပ်ထိ ဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရ သည်။ ရမည်းသင်းမြို့ပေါ်တွင် ဝါသီးနှံများဝယ်ယူကာ ဝါသီးနှံအတိုင်းအရောင်းအဝယ်ပြုလုပ်ခြင်း၊ဂွမ်း စက်ဖြင့် ဂွမ်းပြုလုပ်၍ မန္တလေးမြို့ရှိ ဝါဂွမ်းကုန်သည်၊ ချည်မျှင်စက်များသို့ ရောင်းချခြင်း၊ နိုင်ငံပိုင် ချည် စက်များသို့ စာချုပ်၍ပေးသွင်းခြင်းများ ဆောင်ရွက်သူလုပ်ငန်းရှင် ( ၃ / ၄) ဦးရှိပြီး ၊ ၎င်းလုပ်ငန်းများမှ နှစ်စဉ် အရောင်းအဝယ်ပြုလုပ်ကြပါသည်။ ဈေးကွက်သို့ လက်ရှိကာလတွင် ဝင်ရောက်လာသော ဝါမှာ မိုးကြိုဝါဖြစ်ပြီး၊ မိုးကြိုဝါမှာ ဇူလိုင်လ၊ ဩဂုတ်လများ၌ ဈေးကွက်သို့ ဝင်ရောက်လေ့ရှိပါသည်၊ ယခုနှစ် မိုးကြိုဝါမှာ တစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀) ကျပ် ရှိပြီး၊ ပြီးခဲ့သည့် နှစ်ဝါသီးနှံပေါ်ချိန်ကာလတူက တစ်ပိဿာ (၃၃၀၀) ကျပ် ရှိခဲ့ပါသည်။ ယခုအခါ ဝါ၊ဂွမ်းဈေးကွက်၌ ဂွမ်းဈေးမှာ အရည်အသွေးပေါ် မူတည်ပြီး တစ်ပိဿာ (၈၀၀၀-၁၀၀၀၀) ကျပ် ဈေးဖြင့် ရောင်းချရကြောင်း ဝါ၊ ဂွမ်း ကုန်သည်များထံမှ သိရသည်။
DOCA(မန္တလေး)