သာစည်မြို့နယ် သင်္ဘောပင်များနှစ်စဉ်စိုက်ပျိုးဖြစ်ထွန်း

Powered by Drupal

   သာစည်မြို့နယ်ရှိ လယ်ယာထွက်ကုန်သီးနှံများအပြင် သစ်သီးဝလံတစ်မျိုးဖြစ်သည့် သင်္ဘောသီးကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရာမှ စီးပွားဖြစ် ဧကအလိုက် စိုက်ပျိုးကြောင်းသိရသည်။

          သင်္ဘောသီးကို အိမ်ခြံဝန်းအတွင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသကဲ့သို့ စီးပွားဖြစ် ဧကအလိုက် စိုက်ပျိုးရာတွင် တပေါင်း၊ တန်ခူးလများ၌  ပျိုးထောင်ခဲ့ပြီး (ကဆုန်လ)မှာတော့ စိုက်ခင်း အတွင်း ပြောင်းရွှေ့ စိုက်ပျိုးကြပါသည်။ သင်္ဘောပင်စိုက်ပျိုးရာတွင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧက ကုန်ကျစရိတ် စုစုပေါင်း ကုန်ကျစရိတ် သိန်း (၃၀) ခန့် ကုန်ကျကြောင်း ၊ တစ်ဧကလျှင် သင်္ဘောအပင်(၇၀၀)ခန့်ဆံ့ပြီး တစ်ဧကအထွက်နှုန်းမှာ အလုံး(၆၀၀၀) ဝန်းကျင်ခန့် ထွက်ရှိကြောင်း၊ စိုက်ပျိုးပြီးအပင်သက်တမ်း (၆)လ အကြာမှာ အသီးခူးဆွတ် နိုင်ကာ အသီးခူးဆွတ်နိုင်သည့် ကာလမှာလည်း (၆)လအထိ ခူးဆွတ်နိုင်ပါကြောင်း၊ ယခုနှစ် ဩဂုတ်လမှာ အပွင့်ပွင့်ချိန်ဖြစ်ပြီး အချို့အပင်များမှာ အသီးအကင်းများဝင်နေပြီ ဖြစ်ပါသည်။ ယခုနှစ် မိုးကောင်း သည့်အတွက် အပင်များ ဖြစ်ထွန်းမှုပိုပြီး အသီးသီးအား ကောင်းလာမည်ဟု မျှော်မှန်းထားကြသဖြင့် အထွက်နှုန်းပိုမို ကောင်းမွန်နိုင်ကြောင်း၊ ဈေးကွက်အနေဖြင့် ပွဲစားများမှ ရွာအရောက် ခြံတွင်ဝယ်ယူကြကြောင်း၊ အချို့ မှာမြို့ပေါ်သို့ ကိုယ်တိုင်သွားရောက် ရောင်းချကြကြောင်း၊ တစ်လုံးလျှင် အလုံး အကြီး/အသေး ပေါ်မူ တည်၍ (၂၀၀၀-၂၅၀၀) ဖြင့် ရောင်းချရသဖြင့် သင်္ဘောစိုက်တောင်သူများ အကျိုးအမြတ်များစွာရရှိ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)