ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘိလပ်မြေဈေးနှုန်းများ ယခင်လ ဈေးနှုန်းများ ယခင်လဈေးမှ ယခုလဈေးနှုန်းကျဆင်းလျက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေဈေးနှုန်းများမှာ ယခင်ဇူလိုင်လအတွင်း ကြံ့နှစ်ကောင်တံဆိပ်ဘိလပ်မြေတစ်အိတ်ကျပ် ၂၃၀၀၀၊ ထိုင်းဆင် တစ်အိတ်ကျပ် ၂၄၀၀၀၊ Alpha ဘိလပ်မြေတစ်အိတ်ကျပ် ၂၄၀၀၀၊ Alphacy ဘိလပ်မြေ တစ်အိတ်ကျပ် ၂၁၅၀၀ ၊ Apache ဘိလပ်မြေတစ်အိတ်ကျပ် ၂၃၅၀၀ ဈေးနှင့် Crown တံဆိပ် ဘိလပ်မြေ တစ်အိတ်ကို ကျပ် ၂၃၀၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်၊၊

  ယခုဩဂုတ်လတွင် ကြံနှစ်ကောင်ဘိလပ်မြေတစ်အိတ်ကျပ် ၂၂၀၀၀ ၊ ထိုင်းဆင်ဘိလပ်မြေ တစ်အိတ်ကျပ် ၂၂၀၀၀၊ Alpha ဘိလပ်မြေတစ်အိတ် ကျပ် ၂၃၀၀၀ Alphacy ဘိလပ်မြေ တစ်အိတ်ကျပ် ၂၀၅၀၀ ၊ Apache ဘိလပ်မြေတစ်အိတ်ကျပ် ၂၂၀၀၀ ဈေးနှုန်းနှင့် ရောင်းဝယ် လျက်ရှိကြောင်း ဈေးကွက်မှသိရသည်၊၊

          မိုးတွင်းကာလဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဘိလပ်မြေသုံးစွဲမှုနည်းပါးပြီး ပွင့်လင်းရာသီမှာပိုမိုသုံးစွဲမှုရှိကြောင်း ပုသိမ်ဈေးကွက်အတွက် ဘိလပ်မြေဈေးနှုန်းများမှာ ရန်ကုန်မှ မှာယူတင်သွင်းပြီး တန်ဆာခအပါအဝင် တစ်အိတ်ကို အကျိုးအမြတ် အနည်းငယ်သာ ရယူထားကြောင်း ယခင်လနှင့် ယခုလဈေးနှုန်းများမှာ ကြံနှစ်ကောင် ဘိလပ်မြေကျပ် ၁၀၀၀၊ ထိုင်းအဆင့်ကျပ် ၂၀၀၀ ၊ Alpha ကျပ် ၁၀၀၀ ၊ Alphacy ကျပ် ၁၀၀၀ ၊ Apache ကျပ် ၁၅၀၀ ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဈေးကွက်မှ သိရသည်၊၊

(Doca ဧရာဝတီ)