စားဖိုဆောင်အုပ်စုဝင်ခရမ်းချဉ်သီးဈေးနှုန်းဈေးကွက်

Powered by Drupal

    မြင်းခြံမြို့နယ်ရှိ စံပြဈေး၊ မြို့မဈေးနှင့် အေးမြသီတာကုန်စိမ်းဈေးများတွင် ရောင်းချ နေသော ခရမ်းချဉ်သီး ဈေးနှုန်းများအနေဖြင့် ယခုဩဂုတ်လဒုတိယပတ်တွင်  လက်လီ (၂၅)ကျပ်သားလျှင် (၆၀၀-၈၀၀)ကျပ်၊ လက်ကား တစ်ပိဿာလျှင်(၂၀၀၀-၃၀၀၀) ကျပ်ပေါက် ဈေးများရှိကြောင်း၊ ယခင် ဇူလိုင်လ ဒုတိယပတ်တွင် လက်လီ ၂၅ ကျပ်သားလျှင် (၈၀၀-၁၀၀၀)ကျပ်၊ လက်ကား တစ်ပိဿာ လျှင် (၂၅၀၀-၃၅၀၀) ကျပ် ပေါက်ဈေးများရှိကြောင်း၊  ကာလတူနှိုင်းယှဉ်ပါက ယခုဩဂုတ် ဒုတိယပတ်တွင် ခရမ်းချဉ်သီး လက်လီ ၂၅ ကျပ်သားလျှင် (၂၀၀) ကျပ်၊ လက်ကားတစ်ပိဿာလျှင် (၅၀၀) ကျပ်ခန့်ဈေးနှုန်း ကျဆင်းခဲ့ကြောင်း၊ ထို့သို့ကျဆင်းရခြင်းမှာ ပုပ္ပါးမြို့နယ်မှ ခရမ်းချဉ်သီး များဈေးကွက်တွင်ဝင်ရောက်လာခြင်းကြောင့် ဈေးနှုန်းကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ‌ဒေသတွင်း ခရမ်းချဉ်သီးများ ထွက်ပေါ် ကုန်ဆုံးချိန်ဖြစ် ပါက မြင်းခြံမြို့နယ်အတွင်း ရောင်းချရန်ခရမ်းချဉ်သီး များကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးမြို့ တို့မှ မှာယူတင်သွင်းရောင်းချရကြောင်း ကုန်စိမ်း ရောင်းချသူ တစ်ဦး၏ပြောပြချက်အရ သိရှိရသည်။ ခရမ်းချဉ်သီးသည် လူကြိုက်များသော စားဖိုဆောင်းအုပ်စုဝင် အသီးအနှံတစ်မျိုးဖြစ်ပြီး ဟင်းလျာများစွာတွင် အသုံးပြုကြကြောင်း သိရှိရပါသည်။

 DOCA(မန္တလေး)