“ သုံးခွမြို့နယ်၏ဈေးကွက်အတွင်းရောင်းချနေသောအခြေခံစားကုန်ကုန်ခြောက်ဈေးနှုန်းများ ”

Powered by Drupal

          ဩဂုတ်လ တတိယအပတ်တွင် သုံးခွမြို့နယ်ဈေးကွက်အတွင်း ရောင်းချနေသော အခြေခံစားကုန်များဖြစ်သည့် (ကုန်ခြောက်)ပစ္စည်းအမျိုးအစားအလိုက် ဈေးများအနေဖြင့် ကြက်သွန်နီ ဆိုဒ်စုံ တစ်ပိဿာလျှင် (၁၅၀၀မှ ၂၂၀၀)ကျပ်အထိ၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် (၁၁၀၀၀မှ ၁၂၀၀၀)ကျပ်ထိ၊ ငြုပ်ရှည်တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ကုလားပဲဆံခြမ်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ မန်းကျည်းသီး တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ အိုင်အိုဒင်းဆား တစ်ထုပ်လျှင် (၁၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် ယခင်အပတ်(၅၀၀၀မှ ၅၅၀၀)ကျပ်ဖြစ်ပြီး ယခုအပတ် တွင် ပစ္စည်းဝင်ရောက်မှုလျော့နည်းသွား၍ တစ်ပိဿာလျှင် (၆၀၀၀မှ၆၅၀၀)ကျပ်ထိ ဖြစ်ပေါ်နေ ကြောင်း သကြားတစ်ပိဿာလျှင် (၅၃၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် သုံးခွမြို့နယ် စည်ပင် သာယာမြို့မဈေး အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

အခြေခံစားကုန်(ကုန်ခြောက်)ဈေးနှုန်းများအနေဖြင့် ယခုအပတ်တွင် အာလူးဈေးနှုန်း ပြောင်းလဲမှုရှိသော်လည်း အခြားကုန်ခြောက်ပစ္စည်းဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိကြောင်း ကုန်ခြောက်ပစ္စည်းများအနေဖြင့် သုံးခွမြို့နယ်ဈေးကွက်အတွင်းသို့ တစ်ရက်ခြားတစ်ခါ ဝင်ရောက်လျက်ရှိပြီး အဆိုပါ ကုန်ခြောက်ပစ္စည်းအား ရန်ကုန်ဘုရင့်နောင်ပွဲရုံမှ ဝယ်ယူရောင်းချခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)